Korea EPS Topik Myanmar Website မှ ကြိုဆိုပါတယ်ခင်ဗျာ
မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ရဲ့ Korea EPS Topik Myanmar Website ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်☺️။
ဒီ Website ကို တည်ဆောက်ရတဲ့ အခြေခံရည်ရွယ်ချက်ကတော့ ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် EPS Topik စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမယ့် မြန်မာကျောင်းသား/ကျောင်းသူတွေအတွက် စာမေးပွဲအထောက်အကူပြု သင်ခန်းစာများ မျှဝေပေးဖို့ ဖြစ်ပါတယ်။
ဘယ်သူတွေအတွက် ရည်ရွယ်တာလဲ?
ကျွန်တော်တို့ Website ဟာ ကိုရီးယား ဗျည်း၊ သရများကို အခြေခံမှစ၍ ရေးတတ်၊ ဖတ်တတ်၊ တတ်မြောက်ပြီးသား သူများကို အဓိက ရည်ရွယ်ထားတာ ဖြစ်ပါတယ်ဗျ။ လာမယ့် EPS Topik စာမေးပွဲအတွက် စာပြန်နွှေးချင်သူတွေနဲ့ သင်ခန်းစာတွေကို အစီအစဉ်တကျ ပြန်လည်လေ့လာချင်သူတွေအတွက် အထူးအသုံးဝင်မှာပါ။
အခြေခံ မရှိသေးသူများအတွက် လမ်းညွှန်မှု -
တကယ်လို့ သင်ဟာ ကိုရီးယားစာကို ဗျည်း၊ သရကနေ စပြီး လေ့လာဖို့ လိုအပ်နေသေးတယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ Website (YouTube Link) ကနေတစ်ဆင့် အခြေခံ ရေးတတ်၊ ဖတ်တတ်အောင် အရင်ဆုံး လေ့လာသင်ယူဖို့ အကြံပြုလိုပါတယ်ဗျ။
👉 အခြေခံလေ့လာရန် Website လင့်ခ်: https://youtu.be/gXLJ2WZhzRc?si=fWuH0Dtt6n_7u9-C
အခြေခံပိုင်းကို ပိုင်နိုင်သွားပြီဆိုရင်တော့ ကျွန်တော်တို့ Website မှာ တင်ပေးမယ့် EPS Topik သင်ခန်းစာတွေကို ဆက်လက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
နေ့စဉ် တင်ပေးသွားမယ့် အကြောင်းအရာများ -
1.Daily Vocabulary: တစ်ရက်ကို ကျက်မှတ်ရမယ့် ကိုရီးယား မီးနင်းအသစ်များ။
2.Grammar Guide: နားလည်ရခက်တဲ့ သဒ္ဒါပိုင်းဆိုင်ရာ ရှင်းလင်းချက်များ။
3.Lesson by Lesson: ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာများကို တစ်ခုချင်းစီ အစီအစဉ်တကျ တင်ပေးခြင်း။
သင်ယူမှုခရီးလမ်းမှာ အားလုံးပဲ အောင်မြင်မှုတွေ ပိုင်ဆိုင်ပြီး ကိုရီးယားအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေဗျာ🥰။
Comments
Post a Comment